ကျွမ်းကျင်စွာ အသုံးပြုနိုင်ရင် အကျိုးများမယ့် Facebook search

အစကတော့ Facebook Graph Search အကြောင်း ရေးမလို့ပါ။ ဒါပေမယ့် ပိုပြီး များများပြောလို့ရအောင် Facebook search အကြောင်းကို ပြောပါမယ်။

အားလုံးသိတဲ့အတိုင်း Facebook က ကမ္ဘာပေါ်မှာ လူသုံးအများဆုံး social network ဖြစ်ပါတယ်။ ဒီတော့ Facebook search ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မယ်ဆိုရင် များစွာ အကျိုးရှိနိုင်ပါတယ်။ Facebook ကိုလူတိုင်းသုံးတတ်နိုင်ပါတယ်၊ ဒါပေမယ့် Facebook search ကိုတော့ ဘာရှာရမှန်း မသိတဲ့လူတောင် အများကြီးပါ။ လူနည်းစုကတော့ နည်းနည်းပါးပါး ရှာတတ်ပါမယ်။ ကျွမ်းကျွမ်းကျင်ကျင် ရှာတတ်တဲ့လူတော့ အတော်လေးကို ရှားပါမယ်။

ဆောင်းပါး တစ်ခုခုရေးမယ်လို့စဉ်းစားလိုက်ရင် မြန်မာနိုင်ငံက လူတွေအတွက် အထောက်အကူဖြစ်လားလို့ အရင်စဉ်းစားပါတယ်။ အထောက်အကူဖြစ်မယ်ထင်တဲ့ အကြောင်းအရာကို သိထားတာအပြင် လေ့လာဖြည့်စွက်ပြီး အပြည့်စုံဆုံးဖြစ်အောင် ရေးပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပုဒ်ဆို တစ်ပုဒ် အရသာပြည့်ဝအောင်လို့ပါ။ အရင်ဆုံး Facebook search ကို features အပြည့်အဝ သုံးချင်တယ်ဆိုရင်တော့ Language ပြောင်းရပါတယ်။ Facebook က အမေရိကန်နိုင်ငံသား မာ့ခ် အဲလိယတ် ဇတ်ကာဘာ့(ဂ်) တည်ထောင်တာဖြစ်တဲ့အတွက် Language ကို English(US) လို့ထားမှ Facebook search ကို လုံးစေ့ပတ်စေ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ English(UK) ဆိုရင်တောင် မရပါဘူး။ ဒါက Facebook graph search အပါအဝင် search features အစုံအလင် သုံးနိုင်ဖို့ အရေးကြီးတဲ့ အချက်ပါ။

Facebook language ပြောင်းဖို့ဆိုရင်တော့ ကိုယ့်အကောင့်ကို facebook မှာ ဝင်ပြီးတော့ https://www.facebook.com/settings?tab=account ကို သွားရပါမယ်။ General Settings ကိုရောက်ပြီဆိုရင်တော့ အောက်ပါအတိုင်း မြင်ရပါမယ်။ Language ဆိုတဲ့နေရာမှာ English(US) ဖြစ်နေအောင် ရွေးထားရပါမယ်။


Language ရွေးပြီးသွားရင်တော့ စိတ်ဝင်စားစရာ အပိုင်း စတင်ပါပြီ။

Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း

ထူးဆန်းတဲ့ Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း

အင်တာနက်ရှိမှ ဆော့လို့ရတဲ့ ဂိမ်းပဲ ကြားဖူးပါတယ်။ သူ့ကျမှ အင်တာနက် မရှိမှ ဆော့လို့ရမယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဟုတ်လည်းဟုတ်ပါတယ် အဲဒီဂိမ်းကို ဆော့ချင်တယ်ဆိုရင် အင်တာနက် ရနေရင်တောင်မှ အင်တာနက် ပိတ်ပြီးတော့ ဆော့ရမှာပါ။ ဂိမ်းဆော့လို့ရဖို့ လိုအပ်တာတွေကတော့ -

၁။ Google Chrome browser ရှိရပါမယ်။
၂။ အင်တာနက် မရှိမှ ရပါမယ်။ (ရှိရင်လည်း ပိတ်ထားရပါမယ် :D )

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး Browser တွေထဲမှာ Google Chrome က တော်တော်လေး သုံးလို့ကောင်းလာပါတယ်။ အဲဒီလောက်ကတည်းက စပြီး ကျွန်တော်လည်း Google Chrome ကို သုံးလာတာပါ။ မနေ့ကမှ Google Chrome မှာ ဒီလို game မျိုးရှိနေပါလားဆိုတာ သိရတာပါ။ အင်တာနက်မရတဲ့အချိန် Chrome browser ကို ဖွင့်လိုက်မယ်ဆိုရင် dinosaur (ဒိုင်နိုဆော) တစ်ကောင်ကို တွေ့ရမှာပါ။ အဲဒီ ဒိုင်နိုဆောက ဆော့လို့ရတဲ့ game တစ်ခုပါပဲ။ အောက်က video မှာ ကြည့်ပါ။

 

ဖုန်းပေါ်မှာ ဘယ်လိုဆော့ရမလဲ?

စိတ်ဝင်စားသွားလို့ ဆော့ချင်တယ်ဆိုရင် ဘယ်လိုဆော့ရမယ်ဆိုတာကို ပြောပါမယ်။ အရင်ဆုံး အင်တာနက်ရနေရင် ပိတ်လိုက်ပါ။ Chrome browser ကို ဖွင့်လိုက်ပါ။ ပြီးရင် website တစ်ခုခု (ဥပမာ။  ။ google.com) ကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ဆိုရင်တော့ အောက်ပါအတိုင်း မြင်နေရပါမယ်။

Redlink မသုံးသင့်တဲ့ အကြောင်းရင်းများ

မှတ်ချက်
အရင်ဦးဆုံး ပြောချင်တာက သူများမကောင်းကြောင်း ပြောချင်လို့ ဒီ post ကို ရေးတာမဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ရေးခြင်းသာဖြစ်ပါတယ်။ ဒီ post ကို နည်းပညာနဲ့ ပတ်သတ်တဲ့ အကြံပေးချက် တစ်ချက်လို့လည်း ယူဆနိုင်ပါတယ်။

Myanmar နိုင်ငံရဲ့ လက်ရှိ အင်တာနက် အခြေအနေ
အခုဆို ဖုန်းအင်တာနက်တွေ ရပြီးလို့ ဖုန်း company တွေလည်း အသစ်တွေ ရောက်နေပါပြီ။ အော်ရီဒူးကဒ် ထွက်ပြီးလို့ တယ်လီနောတောင် အခု စက်တင်ဘာလထဲ ထွက်တော့မယ့်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့အင်တာနက်တွေ ဘယ်လောက်မြန်မြန် ဖုန်းအင်တာနက်နဲ့တော့ ဘယ်သူမှ အလုပ်လုပ်မယ်လို့ မထင်ပါဘူး။ လုပ်ငန်းတွေမှာ သုံးဖို့အတွက်ဆိုရင်တော့ အင်တာနက်ကို မြန်တဲ့အင်တာနက်ကို ရွေးသုံးကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ company က သိပ်ပြီး ရွေးချယ်စရာမရှိပါဘူး။

အရင်တုန်းက မြန်မာ့ အင်တာနက်
ကျွန်တော် မှတ်မိသလောက် ဟိုးအရင်တုန်းက MPT ကနေ ADSL လိုင်းတွေ ဝယ်သုံးရပါတယ်။ ADSL internet ဆိုတော့ ကြိုးဖုန်းတစ်လုံးရှိဖို့လိုပါတယ်။ လိုင်းကလည်း အတော်ကလေး ဆိုးပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်း ရှိတာဆိုတော့ သူ့ကိုပဲ လူတိုင်း ကြိတ်မှိတ်ပြီး သုံးကြပါတယ်။ ဖုန်းလိုင်းနဲ့ဆိုတော့ နေရာတော်တော်များများမှာ သုံးနိုင်ပါတယ်။ Dial up card လေးတွေတောင် ရှစ်ထောင်တန်လောက်ကစပြီး ရောင်းပါတယ်။

နောက်ပိုင်း Yatanarpon ADSL ထွက်ပါတယ်။ ပုံစံအတူတူပါပဲ။

Redlink Internet အကြောင်း
အဓိက ပြောချင်တာက Redlink ပါ။ Redlink အင်တာနက်လိုင်းက အားသာချက်တစ်ခုရှိပါတယ်။ ကြိုးဖုန်း မလိုတဲ့အားသာချက်ပါ။ အင်တာနက်လိုင်းလည်း သူ့အရင်ထွက်ခဲ့တဲ့လိုင်းတွေထက် နည်းနည်းပိုကောင်းပါတယ်။ နည်းနည်လေးပါပဲ။ Redlink ကြော်ငြာတွေကိုလည်း နေရာတော်တော်များများမှာ သုံးတဲ့အတွက်ကြောင့်မို့လို့ လူသိများပါတယ်။ ဒါပေမယ့် ဝယ်သုံးဖို့ မလောပါနဲ့ဦး၊ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုပြောပြပါမယ်။ ပိုပြီးတော့ သဘာဝကျသွားအောင် redlink ရဲ့ facebook page မှာ ရေးထားတဲ့ review တွေကိုပါ ပူးတွဲ ဖော်ပြပေးပါမယ်။

Redlink portable wimax (သူတို့ ပြောတာတော့ mobile wimax ပေါ့) ကို အနိမ့်ဆုံးဖြစ်တဲ့ silver plan ကနေ စသုံးကြည့်ပါတယ်။ စဝယ်တုန်းကတော့ အနိမ့်ဆုံး plan အင်တာနက် အမြန်နှုန်းလေးက မဆိုးပါဘူး။ ဒါပေမယ့် Bandwidth limit က လဝက်လောက်ပဲ ခံပါတယ်။ ဒါနဲ့ အမြန်နှုန်းလေးလဲ သဘောကျတာနဲ့ တိုးရင်းတိုးရင်းနဲ့ နောက်ဆုံး plan ဖြစ်တဲ့ silver plus plan ကို သုံးဖြစ်သွားပါတယ်။ အဲဒီ plan မှာ ပါတာက 12GB bandwidth ပါပါတယ်။ အဲဒီ ၁၂ ဂစ် ကုန်သွားရင် တစ်ဂစ်ထပ်သုံးတိုင်း ၁၀ ဒေါ်လာယူပါတယ်။ စုစုပေါင်း ဒေါ်လာ ၁၈၀ ကျော်ရင်တော့ ၁၈၀ ပဲယူပါတယ်။ ကျွန်တော် လတိုင်း $180 ဆောင်ရပါတယ်။ ဒါပေမယ့် အမြန်နှုန်းကို ကျေနပ်တဲ့အတွက် ပြဿ        နာမရှိပါဘူး။ စဝယ်ကာစက လိုင်းမိတဲ့အားက တိုင်ပြည့်ကို တစ်တိုင်ပဲ လျော့ပါတယ်။

ဒါပေမယ့် နှစ်လလောက် ကြာတဲ့အခါကျတော့ လိုင်းဆွဲအားက နှစ်တိုင်ပဲ တက်ပါတော့တယ်။ အင်တာနက် အမြန်နှုန်းလည်း သိသိသာသာကို ကျသွားပါတယ်။ ဖုန်းဆက်ကြည့်တော့လည်း router ထဲက result တွေကို screenshot နဲ့ ပို့ခိုင်းပါတယ်။ ပို့လိုက်ပါတယ်။ ဒါပေမယ့် ဘာမှ မထူးလာပါဘူး။ ဘာမှထပ်မပြောတော့ဘဲ ရသလောက်လေးနဲ့ပဲ ဆက်သုံးနေပါတယ်။

အရင်တုန်းက လိုင်းကောင်းပြီး တဖြည်းဖြည်းနှေးလာတယ်ဆိုတဲ့ facebook ပေါ်က redlink review လေးတစ်ခု

တစ်လလောက်ပဲ ကော်နက်ရှင်ကောင်းတယ်ဆိုတဲ့ redlink review တစ်ခု

Blog တွေ Website တွေကို မလေးအောင်၊ မြန်အောင် လုပ်နည်း

ကျွန်တော်ဆီ့ကို အောက်တိုဘာ ၂၅ ရက် ၂၀၁၃ မှာ မောင်ဝေယံက blog နဲ့ပတ်သတ်ပြီးတော့ အကူအညီတောင်းတဲ့ mail တစ်စောင် ပို့လာပါတယ်။ တစ်ခြား မေးလာတဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သေးသေးမွှားမွှားမို့လို့ post အဖြစ်နဲ့ တင်လို့မရနိုင်တာကြောင့် မတင်ပေးဖြစ်ခဲ့ပါဘူး။ အခု ဒီညီလေး မေးလာတာကတော့ သူ့ blog က အစတုန်းကတော့ သိပ်မလေးပါဘူး၊ အခုကျမှ လုပ်ရင်းလုပ်ရင်း လေးလာတာ post တောင် မတင်ချင်တော့ဘူးတဲ့။ သူပို့လာတဲ့ မေးလ်ကို အောက်မှာ ထည့်ပေးလိုက်ပါတယ်။

လေးစားရပါသော ကိုမျိုးဝင်းခင်ဗျား
ကျနော်လည်း အခုပဲ Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။ ဆိုတာလေးကိုဖတ်ရလို့ အကူအညီတောင်းခံလိုက်ပါတယ် ခင်ဗျား
http://lifeinthemordenworld.blogspot.com/ ဒါကကျနော် blog လေးပါ လုပ်တုန်းကအဲသလောက်မလေးဖဲ အခုလုပ်ရင်းလုပ်ရင်း မတရားလေးလာလို့ post တောင်တင်ချင်စိတ်ကုန်လာတယ်ခင်ဗျား
ပြီးတော့ ကျနော်တင်လိုက်သမျှ post တွေအားလုံးဟာလည်း Facebook ပေါ်ကိုမရောက်ဖူးဖြစ်နေတယ်
အဲဒါလေးတစ်ချက်လောက် အကြောင်းပြန်ပေးပါလားခင်ဗျား
အခုလိုအခမယူဖဲ စေတနာနဲ့ ကူညီပေးတဲ့ ကိုမျိုးကို အရမ်းဂုဏ်ယူလေးစားမိတယ်ခင်ဗျား
အဆင်ပြေပါစေဟု စေဟု ဆုတောင်းလျှက်
မောင် ဝေယံ http://lifeinthemordenworld.blogspot.com/
Diwinner1985@gmail.com

ညီလေးရေ .. အဲ့လောက်လည်း စိတ်မလေပါနဲ့၊ အောက်ကအတိုင်း လိုက်လုပ်ပြီး post တွေတော့ ဆက်တင်ပါကွာ ... :)

လှတာမက်တော့ ညစာခက်တာပေါ့ ...

- အရင်ဆုံးနောက်ခံပုံ အကြီးကြီးကိုဖြုတ်ပါ၊
- gif ဖိုင်တွေ အများကြီး မတင်ပါနဲ့
- မလိုအပ်တဲ့ widget တွေ အကုန်ဖြုတ်ပါ (flag counter ဆိုတာမျိုးက မလိုအပ်ပါဘူး၊ visitor counter တွေက မလိုအပ်ပါဘူး၊ ကိုယ့်ဆိုက်လူဝင်များမှ ထည့်ထားသင့်တာပါ၊ ပြီးတော့ blogspot က ပါတဲ့ visitor counter ကိုသုံးပါ
- website ကိုလာကြည့်မယ်သူတွေအတွက် တစ်ကယ် လိုအပ်တဲ့ javascript တွေကိုပဲ ထည့်ပါ။ အပိုတွေ အကုန်ဖြုတ်ပစ်ပါ။
- widget တစ်ခုကို တစ်ခါထက်ပိုမထည့်ပါနဲ့
- social network (facebook, google+, twitter, ..) တွေကိုလည်း ကိုယ့် page တွေကို လင့်ခ်ချိတ်ထားပါ၊ page မရှိရင် ဖြုတ်ပါ။
- မလိုအပ်တဲ့ flash တွေ animation တွေ ပုံတွေကို ဖြုတ်ပါ။ (မလိုအပ်ဘူးဆိုတာက လာကြည့်မယ့်လူတွေအတွက် မလိုအပ်တာကို ပြောတာပါ)
- တစ်ခြားဆိုက်တွေကို link ချိတ်တဲ့အခါမှာ ပုံတွေနဲ့ လင့်မချိတ်ဘဲ စာနဲ့ပဲ လင့်ချိတ်ပါ
- slider ကို ဟိုး...... အောက်ဆုံးမှာထည့်ထားတော့ ဘယ်သူမှလည်း မမြင်ရပါဘူး၊ မလိုအပ်ဘဲ အပိုပါနေပါတယ်။ ဖြုတ်ပါ။

အတိုချုပ်ပြောရမယ်ဆိုရင်
- မလိုအပ်တာမှန်သမျှ အကုန်ဖြုတ်ပါ။
- လိုအပ်တာတွေကိုရော ကိုယ်ကထည့်ချင်နေတာလား visitor တွေက တစ်ကယ်လိုအပ်တာလားဆိုတာ စစ်ပါ
- visitor တွေက တစ်ကယ်လိုအပ်တာတွေကိုရော အရမ်းမလေးအောင် ဘယ်လိုထည့်မလဲဆိုတာကို တွေးပါ။ နှစ်ခု တစ်ခု ပေါင်းလို့ရရင် ပေါင်းပြီး ထည့်ပါ။

နမူနာဆိုက်အနေနဲ့ Ygn News သတင်းဆိုက်နဲ့ Myanmar Website Tutorials ဆိုက်ကို ဝင်ကြည့်လိုက်ပါ။
မောင်ဝေယံ blog screen ရဲ့ screen capture ဖမ်းထားတာကိုတော့ ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

တင်သမျှ facebook ပေါ်မရောက်တာအတွက်ကတော့ ကိုယ့်ဘာသာ facebook မှာ ပြန်တင်တာ အကောင်းဆုံးပါပဲ။ အဲလိုမှမတင်ချင်ဘူး ပျင်းတယ်ဆိုရင်တော့ networkedblogs.com မှာ ဝင်ပြီးတော့ အလိုလျှောက် facebook ပေါ်မှာ share အောင်လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် သူ့ဆိုးကျိုးက facebook ကတစ်ဆင့် ဝင်ကြည့်တဲ့အခါ ညီလေးရဲ့ website ကို သူ့ website frame အတွင်းမှာ ပြပေးတာပါ။ ညီ့ဆိုက်လိပ်စာကို လာကြည့်တဲ့လူက မမြင်ရဘဲ သူ့ဆိုက်လိပ်စာကိုပဲ မြင်နေရမှာပါ။

Website နဲ့ Blog ဘာကွာလဲ၊ LAN အတွင်းမှာ website ဘယ်လိုထောင်မလဲ?

ကျွန်တော့် blogger တွေကို အခမဲ့ ကူညီမယ်လို့ ပြောပြီးတဲ့ နောက်ပိုင်းမှာ မေးလ်တွေနဲ့ ပို့ပို့ပြီး မေးလာကြပါတယ်။ အခုတစ်ခုကတော့ ပထမဦးဆုံး မေးလာတဲ့ မေးခွန်းပါ။ အောက်မှာ ပို့လာတဲ့ မေးခွန်းလေးကို ဖော်ပြလိုက်ပါတယ်။

Myanmar IT  မင်္ဂလာပါ။
ကျွန်တော် သိချင်တာကို မေးခွင်.ပြုပါ။ website  နဲ. Blog
ဘာကွာလဲသိချင်ပါတယ်။    ဘယ်လိုခွဲခြား၇မလဲခင်ဗျာ။

ကျွန်တော် လုပ်ချင်တာ ၇ှိလို.ပါ  ( website or blog လားဆိုတာမသိပါ။ )
ကျွန်တော် LAN ထဲမှာ  photo , song, movie , file ( pdf )
တွေကိုတင်ထားပေးခြင်တယ်။ ၀င်ကြည်.လို.၇မယ်၊ ဒေါင်းလို.၇မယ်၊
ကျန်တာလုပ်ခွင်.မပေးဘူး။          ကျွန်တော်ဘယ်လိုလုပ်၇င်၇နိုင်မလဲ
သိချင်လို.ပါ။    ( ကျွန်တော် ၇ိုး၇ိုး သုံးစွဲသူအဆင်.ပဲ၇ှိလို.ပါ။ )

ကျေးဇူးပြုပြီး  ကူညီပေးပါ။
လေးစားစွာဖြင်.
crazyred.

၁။ ပထမမေးခွန်းက blog နဲ့ website ဘာကွာလဲ?
"blog ဆိုတာ website အမျိုးအစားတွေထဲက တစ်ခုပါ။ အသစ်အသစ်တွေ တင်တင်ပေးနေတယ်ဆိုရင် blog၊ တစ်ခါတင်ပြီး တော်တော်နဲ့ update မလုပ်ဘူး၊ အသစ်မတင်ဘူးဆိုရင် website" ဆိုပြီးတော့ အတိုချုပ် ပြန်ဖြေပေးလိုက်ပါတယ်။

အသေးစိတ်ပြောရင်တော့ အများကြီးပဲပေါ့။ ဥပမာ blog မှာဆို comment ရေးလို့ရတယ်၊ website မှာဆို comment တွေ ရေးဖို့ မလုပ်ပေးထားဘူး။ ဒါပေမယ့် website မှာလည်း တစ်ခါတစ်လေ customer တွေရဲ့ တုံ့ပြန်စကား (feedback) ကိုလိုချင်တဲ့အခါမှာ comment form ကို ထည့်ထားတတ်ပါတယ်။ နောက်ဆိုရင် website တွေ အကြည့်များလာတာနဲ့အမျှ ဝင်လိုက်တဲ့ website ပုံစံကိုကြည့်လိုက်တာနဲ့ ဒါက website လား blog လားဆိုတာ ခွဲလို့ရပါတယ်။ ယေဘုယအားဖြင့် နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင် Myanmar Website နဲ့ Blogger Discuss ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

၂။ LAN(Local Area Network) အတွင်းမှာ website ဘယ်လိုထောင်မလဲ?
Local Network မှာ website လုပ်ချင်တာဖြစ်တဲ့အတွက် Local Server ထောင်ရပါမယ်။ Local Server အတွက် အသုံးများတာကတော့ XAMPP ဖြစ်ပါတယ်။
XAMPP ဆိုတာဘာလဲ မသိတဲ့လူ သွားဖတ်နိုင်ပါတယ်။
- ဖတ်ပြီးပြီဆိုရင်တော့ XAMPP ကို ကိုယ့်စက်မှာ ဘယ်လိုတင်မလဲ ဆိုတာဖတ်ပါ။

XAMPP ကို ကိုယ့်စက်မှာ တင်ပြီးပြီဆိုရင်တော့ Local Server တစ်ခုရပါပြီ၊ LAN မှာ website တစ်ခုရဖို့ နောက်တစ်ဆင့်ပဲ လိုပါတော့တယ်။ အဲဒါကတော့ Website တစ်ခု တည်ဆောက်ဖို့ပါပဲ။ website ဆောက်ဖို့အတွက်ကို CMS (Content Manage System) ကို သုံးပါမယ်။ ဒါမှ လွယ်ကူပြီး မြန်ဆန်တဲ့ website တစ်ခုရမှာ ဖြစ်ပါတယ်။ နာမည်ကြီး CMS တွေကတော့ Wordpress, Drupal, Joomla နဲ့ အခြားဟာတွေ အများကြီး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ CMS ကို အသုံးပြုနိုင်ပါတယ်။ Wordpress ကတော့ ကိုင်တွယ်ရတာ အလွယ်ဆုံးပါပဲ။ ဒါကြောင့်လည်း နာမည်အကြီးဆုံး ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ Joomla နဲ့ website ပြုလုပ်နည်း ဆိုတာ ရေးထားပြီးသား ရှိနေတဲ့အတွက် အဲဒီကိုပဲ သွားဖတ်ပြီးတော့ Joomla နဲ့ website တစ်ခု တည်ထောင်လိုက်ပါ။

ကျေးဇူးတင်ပါတယ်။
နောက်ထပ်မေးလာတဲ့ မေးခွန်များကိုလည်း ဖော်ပြပါဦးမယ်။