Showing posts with label blogger. Show all posts
Showing posts with label blogger. Show all posts

Blogger များ၏ နည်းပညာ အခက်အခဲများကို မေးလ်ပို့ပြီး အကူအညီတောင်းနိုင်


မြန်မာနိုင်ငံမှာ ရှိတဲ့ blogger များ နည်းပညာအခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ပါက မေးလ်ပို့ပြီး အကူအညီတောင်းနိုင်ပါတယ်။ အကူအညီတောင်းလာသမျှကို ဒီ blog မှာ post အနေနဲ့ ဖော်ပြပြီး ဖြေရှင်းပေးပါမယ်။ 

Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။


Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။ နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့ ဘာတို့ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။ အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။